Sunday, December 7, 2008

အဖြည့်ခံ (၁)

ငါ့ ရင်ထဲတစ်စစ တိုးပွားလာတာ
မင်းလေးကို ချစ်တဲ့စိတ်တွေပါ...
မင်းလေးရဲ့ အဝေးမှာနေရတော့
အားငယ်နေမိတယ်...
မင်းပျောက်ကွယ်သွားတဲ့
အချိန်တွေတိုင်းမှာ
ငါ အရမ်းလွမ်းနေမိတယ်...
မင်းလေးမချစ်နိုင်တဲ့
နောက်ကွယ်မှာ
ငါ့ရဲ့  ပျော်ရွှင်ခြင်း ကမ္ဘာပျက်စီးခဲ့ရတယ်...
ငါ့ အချစ်တွေ မင်းမပိုင်ဆိုင်ဘူးဆိုရင်တေ.ာင်
အဖြည့်ခံ နှလုံးသားလေးတော့ ပေးဆပ်နေချင်တယ်...


သူရ

မေးခွန်း

ကံခေပြီးဝေးရမှာလည်းသိနေတယ်
ဟန်ဆောင်ပြီးထိန်းချုပ်သမျှက
ဒဏ်ရာတွေထိရှလာတော့မှ
ရှေ့ ဘဝက ကျိန်စာသင့်ခဲ့တာလား
နီးဖို့ ကြိုးစားတိုင်း အဝေးကိုရောက်
ချစ်ဖို့ ကြိုးစားတိုင်း အလွမ်းတွေသာကောက်ရခဲ့တယ်...
ကိုယ်ဆီရဲ့  ရင်ထဲမှာလည်း ငိုသံတွေကြားနေရတယ်...
အချစ်စိတ်တွေကလည်း တဖွဖွနဲ့ 
ထိမ်းချုပ်မှု တံတိုင်းတွေကို ကျော်ဖြတ်ကြတယ်...
အမုန်းမပါတဲ့ ဝေဒနာတွေကိုလည်း
ကျေကျေနပ်နပ် ခံယူနေကြမိတယ်...
ဒီလိုဘဝနဲ့  တို့ တွေဘာလို့ ဆုံခဲ့ကြတာလဲ
မင်းငါ့ရင်ခွင်ကို ကျောခိုင်းရင်
ငါ့ရင်ခွင်တစ်ခုလုံးလည်း အက်ကွဲမှာ
ငါမင်းရင်ခွင်ကိုကျောခိုင်းလည်း
နာကြင်မှုတွေ မင်းရင်ကိုထိုးနှပ်နေမှာ...
ဒါပေမယ့်...
ပေးဆပ်နေသမျှအချစ်တွေက
အပြည့်အဝရှိနေဆဲပါ...
အပျော်ဆုံး ကမ္ဘာမှာ သာယာနေကြတုန်းပါ
တို့ နှစ်ယောက် နှလုံးသားကို
စတေးရတော့မဲ့ တစ်နေ့ 
မင်းနဲ့ ငါ့ရင်ထဲ ဆူးဝင်နေတဲ့ အချစ်မြှားကို
နာကြင်မှုကိုမကြောက်ဘဲ ဆွဲနုတ်မနိုင်ပါ့မလား...


သူရ

Monday, December 1, 2008

ချစ်သူ

အချစ်ဆိုတာကတော့
ကျွန်တော်ရဲ့ အဘိဓါန်ထဲမှာ
အရာအားလုံးနဲ့  ကင်းလွတ်တဲ့ ဝေါဟာရပါ...
ပုံပြင်ထဲက မင်းသမီးလေးတစ်ပါးလိုလည်း
တင့်တယ်အပြစ်ကင်းတယ်...
သံဇဉ်ဖေါ့ဖေါ့လေးတွေနဲ့  ကျွန်တော်ရဲ့ 
နေ့ သစ်တွေကို အရောင်တင်ပေးတတ်သူလည်းဖြစ်တယ်...
မှောင်မိုက်အတိပြီးတဲ့
ညတွေကို အခန်းဆက်စကားလုံးတွေနဲ့ 
လင်းချင်းစေနိုင်သူလည်းဖြစ်တယ်...
ကျွန်တော်အပေါ်ကို
နုးနုးညံ့ညံ့ဖြာကျနေမဲ့
အဖြူရောင် လရောင်ခြည်လေးလည်းဖြစ်သေးတယ်...
ကျွန်တော်ရဲ့ အနာဂတ်တွေကို
ဖွဲ့ နွဲ့ ပေးသူလည်းဖြစ်တယ်
ပြီးတော့...
အဲဒီအရာအားလုံးကို
ဖျက်ခြေနိုင်သူလည်းဖြစ်တယ်....

သူရ

အချစ်ကဗျာ ၁ပုဒ်

ချစ်သူ့  အပြုံး
အနမ်းလက်ဆောင်
ရင်ထဲထိအောင်
စွဲခဲ့မိတော့
ကမ္ဘာကြီးကို
မေ့ခဲ့တယ်...
နှုတ်ဆက်စကား
လမ်းခွဲညမှာ
မျက်ရည်စက်နဲ့ 
အရက်ခွက်ထဲ
ပျော်ဝင်ရင်းနဲ့ 
ကမ္ဘာကြီးကို
မေ့သွားတယ်...
ချစ်သူ့  အမုန်း
ပြီးဆုံးချိန်မှာ
သူ့  ရင်ခွင်ထဲ
အိပ်စက်ရင်းနဲ့ 
ကမ္ဘာကြီးကို
မေ့လိုက်ပြီ...


Thursday, November 27, 2008

စည်းခြားအလွမ်း

ကျောမခိုင်းခင် ခဏလောက်နောက်ပြန်လည့် ပေးပါလား
မင်းမျက်နှာကို ကြည့်လို့ မဝနိုင်သေးလို့ ပါ..
မင်းတစ်ကယ်ခွဲသွားတော့မယ်ဆိုရင်
မသွားခင်လေး ခဏလောက်နေပါဦး
မင်းအတွက် ကိုယ်အသဲ လက်ဆောင်ပေးသွားပါစေ...
မင်းရင်ငွေ့ တွေကို မင်းပြန်ယူသွားခဲ့ပြီဘဲ
မင်းပတ်သက်ခဲ့သမျှ ကဗည်းထိုးထားတဲ့
ကိုယ်ရင်ခွင်တစ်ခုလုံးကိုတော့
ပကတိအတိုင်းဘဲထားပေးခဲ့ပါကွာ...
လုံးဝမသက်ဆိုင်တော့ဘူးလို့  မင်းရင်တစ်ခုထဲက သက်မှတ်သွားတာ
ကိုယ်ရင်ထဲမှာတော့ မင်းကစွဲစွဲမြဲမြဲ ကျန်ရှိနေတုန်းပါကွာ...
မင်းခွဲသွားပေမဲ့ မင်းပါးပြင်ထက်က
ကိုယ်ပေးခဲ့ဖူးတဲ့အနမ်းတွေကို ကိုယ်သတိရနေဆဲပါကွာ...
မင်းနဲ့ ကိုယ် နှစ်ကိုယ်တူလျှောက်လည်ခဲ့တဲ့နေရာတွေကို
ကိုယ်ရောက်ခဲ့တိုင်းလည်း မင်းကိုလွမ်းနေဆဲ သတိရနေဆဲပါကွာ...။

သူရ

ခွင်ပြုပါ

ကမ္ဘာပေါ်ကလူသားတိုင်း ပြောဖူးတဲ့စကားလေးတစ်ခွန်းကို
မင်းကိုလည်းကိုယ်ပြောပြစေ ရိုးရိုးရှင်ူရှင်ူလေးသာ ကိုယ်ပြောမယ်
မင်းကို ကိုယ်ချစ်တယ်...
ဘာကြောင့် ချစ်လည်းမေးရင် ကိုယ်စာဖွဲ့ ပြီး ပြောမတတ်ပါဘူး
မင်းရဲ့  သွားလာလှုပ်ရှားဟန် မင်းရဲ့ ပြောဟန်ဆိုစကား
မင်းရဲ့  ရိုးဆင်းတဲ့ ပင်ကိုယ်ရုပ်လွှာကို မြင်မြင်ချင်း ကိုယ်ရင်ထဲက
အလိုလိုဘဝလက်တွဲဖော်ဖြစ်ချင်ခဲ့တာ
မင်းကို ကိုယ်ချစ်မိနေတာဘဲလို့ ဖြေပါစေ...
ဘယ်လောက်ကြီးချစ်လည်းလို့ မေးရင်
မိုးလောက်ကြီးချစ်တယ်လို့  ကိုယ်ပြောမှာမဟုတ်ပါဘူး
ကိုယ်တိုင်းပြလို့ မတတ်ပေမဲ့ ကိုယ်ရင်ထဲရှိတဲ့
" ၁၅၀၀ "မေတ္တာ ရွေးစလေးပင် မလျော့ပါဘူးလို့ 
ကိုယ်ဖြေပါစေ...
ဘယ်လောက်ထိချစ်သွားမှာလဲ ဒီမေးခွန်းလေးမေးရင်တော့
တိကျတဲ့အဖြေ ကိုယ်ပေးနိုင်ပါလိမ့်မယ်
ကိုယ်ဘဝရဲ့ နောက်ဆုံးအကြိမ် အသက်ရူခွင့်ရသည်အထိ ကိုယ်ကတိပြုပြီးဖြေပါစေ...

သူရ