Sunday, December 7, 2008

မေးခွန်း

ကံခေပြီးဝေးရမှာလည်းသိနေတယ်
ဟန်ဆောင်ပြီးထိန်းချုပ်သမျှက
ဒဏ်ရာတွေထိရှလာတော့မှ
ရှေ့ ဘဝက ကျိန်စာသင့်ခဲ့တာလား
နီးဖို့ ကြိုးစားတိုင်း အဝေးကိုရောက်
ချစ်ဖို့ ကြိုးစားတိုင်း အလွမ်းတွေသာကောက်ရခဲ့တယ်...
ကိုယ်ဆီရဲ့  ရင်ထဲမှာလည်း ငိုသံတွေကြားနေရတယ်...
အချစ်စိတ်တွေကလည်း တဖွဖွနဲ့ 
ထိမ်းချုပ်မှု တံတိုင်းတွေကို ကျော်ဖြတ်ကြတယ်...
အမုန်းမပါတဲ့ ဝေဒနာတွေကိုလည်း
ကျေကျေနပ်နပ် ခံယူနေကြမိတယ်...
ဒီလိုဘဝနဲ့  တို့ တွေဘာလို့ ဆုံခဲ့ကြတာလဲ
မင်းငါ့ရင်ခွင်ကို ကျောခိုင်းရင်
ငါ့ရင်ခွင်တစ်ခုလုံးလည်း အက်ကွဲမှာ
ငါမင်းရင်ခွင်ကိုကျောခိုင်းလည်း
နာကြင်မှုတွေ မင်းရင်ကိုထိုးနှပ်နေမှာ...
ဒါပေမယ့်...
ပေးဆပ်နေသမျှအချစ်တွေက
အပြည့်အဝရှိနေဆဲပါ...
အပျော်ဆုံး ကမ္ဘာမှာ သာယာနေကြတုန်းပါ
တို့ နှစ်ယောက် နှလုံးသားကို
စတေးရတော့မဲ့ တစ်နေ့ 
မင်းနဲ့ ငါ့ရင်ထဲ ဆူးဝင်နေတဲ့ အချစ်မြှားကို
နာကြင်မှုကိုမကြောက်ဘဲ ဆွဲနုတ်မနိုင်ပါ့မလား...


သူရ

No comments: