ချစ်သူ့  အပြုံး
အနမ်းလက်ဆောင်
ရင်ထဲထိအောင်
စွဲခဲ့မိတော့
ကမ္ဘာကြီးကို
မေ့ခဲ့တယ်...
နှုတ်ဆက်စကား
လမ်းခွဲညမှာ
မျက်ရည်စက်နဲ့ 
အရက်ခွက်ထဲ
ပျော်ဝင်ရင်းနဲ့ 
ကမ္ဘာကြီးကို
မေ့သွားတယ်...
ချစ်သူ့  အမုန်း
ပြီးဆုံးချိန်မှာ
သူ့  ရင်ခွင်ထဲ
အိပ်စက်ရင်းနဲ့ 
ကမ္ဘာကြီးကို
မေ့လိုက်ပြီ...
Monday, December 1, 2008
Subscribe to:
Post Comments (Atom)



No comments:
Post a Comment