Monday, December 1, 2008

ချစ်သူ

အချစ်ဆိုတာကတော့
ကျွန်တော်ရဲ့ အဘိဓါန်ထဲမှာ
အရာအားလုံးနဲ့  ကင်းလွတ်တဲ့ ဝေါဟာရပါ...
ပုံပြင်ထဲက မင်းသမီးလေးတစ်ပါးလိုလည်း
တင့်တယ်အပြစ်ကင်းတယ်...
သံဇဉ်ဖေါ့ဖေါ့လေးတွေနဲ့  ကျွန်တော်ရဲ့ 
နေ့ သစ်တွေကို အရောင်တင်ပေးတတ်သူလည်းဖြစ်တယ်...
မှောင်မိုက်အတိပြီးတဲ့
ညတွေကို အခန်းဆက်စကားလုံးတွေနဲ့ 
လင်းချင်းစေနိုင်သူလည်းဖြစ်တယ်...
ကျွန်တော်အပေါ်ကို
နုးနုးညံ့ညံ့ဖြာကျနေမဲ့
အဖြူရောင် လရောင်ခြည်လေးလည်းဖြစ်သေးတယ်...
ကျွန်တော်ရဲ့ အနာဂတ်တွေကို
ဖွဲ့ နွဲ့ ပေးသူလည်းဖြစ်တယ်
ပြီးတော့...
အဲဒီအရာအားလုံးကို
ဖျက်ခြေနိုင်သူလည်းဖြစ်တယ်....

သူရ

No comments: