ကျောမခိုင်းခင် ခဏလောက်နောက်ပြန်လည့် ပေးပါလား
မင်းမျက်နှာကို ကြည့်လို့ မဝနိုင်သေးလို့ ပါ..
မင်းတစ်ကယ်ခွဲသွားတော့မယ်ဆိုရင်
မသွားခင်လေး ခဏလောက်နေပါဦး
မင်းအတွက် ကိုယ်အသဲ လက်ဆောင်ပေးသွားပါစေ...
မင်းရင်ငွေ့ တွေကို မင်းပြန်ယူသွားခဲ့ပြီဘဲ
မင်းပတ်သက်ခဲ့သမျှ ကဗည်းထိုးထားတဲ့
ကိုယ်ရင်ခွင်တစ်ခုလုံးကိုတော့
ပကတိအတိုင်းဘဲထားပေးခဲ့ပါကွာ...
လုံးဝမသက်ဆိုင်တော့ဘူးလို့  မင်းရင်တစ်ခုထဲက သက်မှတ်သွားတာ
ကိုယ်ရင်ထဲမှာတော့ မင်းကစွဲစွဲမြဲမြဲ ကျန်ရှိနေတုန်းပါကွာ...
မင်းခွဲသွားပေမဲ့ မင်းပါးပြင်ထက်က
ကိုယ်ပေးခဲ့ဖူးတဲ့အနမ်းတွေကို ကိုယ်သတိရနေဆဲပါကွာ...
မင်းနဲ့ ကိုယ် နှစ်ကိုယ်တူလျှောက်လည်ခဲ့တဲ့နေရာတွေကို
ကိုယ်ရောက်ခဲ့တိုင်းလည်း မင်းကိုလွမ်းနေဆဲ သတိရနေဆဲပါကွာ...။
သူရ
Thursday, November 27, 2008
Subscribe to:
Post Comments (Atom)



No comments:
Post a Comment