ကမ္ဘာပေါ်ကလူသားတိုင်း ပြောဖူးတဲ့စကားလေးတစ်ခွန်းကို
မင်းကိုလည်းကိုယ်ပြောပြစေ ရိုးရိုးရှင်ူရှင်ူလေးသာ ကိုယ်ပြောမယ်
မင်းကို ကိုယ်ချစ်တယ်...
ဘာကြောင့် ချစ်လည်းမေးရင် ကိုယ်စာဖွဲ့ ပြီး ပြောမတတ်ပါဘူး
မင်းရဲ့  သွားလာလှုပ်ရှားဟန် မင်းရဲ့ ပြောဟန်ဆိုစကား
မင်းရဲ့  ရိုးဆင်းတဲ့ ပင်ကိုယ်ရုပ်လွှာကို မြင်မြင်ချင်း ကိုယ်ရင်ထဲက
အလိုလိုဘဝလက်တွဲဖော်ဖြစ်ချင်ခဲ့တာ
မင်းကို ကိုယ်ချစ်မိနေတာဘဲလို့ ဖြေပါစေ...
ဘယ်လောက်ကြီးချစ်လည်းလို့ မေးရင်
မိုးလောက်ကြီးချစ်တယ်လို့  ကိုယ်ပြောမှာမဟုတ်ပါဘူး
ကိုယ်တိုင်းပြလို့ မတတ်ပေမဲ့ ကိုယ်ရင်ထဲရှိတဲ့
" ၁၅၀၀ "မေတ္တာ ရွေးစလေးပင် မလျော့ပါဘူးလို့ 
ကိုယ်ဖြေပါစေ...
ဘယ်လောက်ထိချစ်သွားမှာလဲ ဒီမေးခွန်းလေးမေးရင်တော့
တိကျတဲ့အဖြေ ကိုယ်ပေးနိုင်ပါလိမ့်မယ်
ကိုယ်ဘဝရဲ့ နောက်ဆုံးအကြိမ် အသက်ရူခွင့်ရသည်အထိ ကိုယ်ကတိပြုပြီးဖြေပါစေ...
သူရ
Thursday, November 27, 2008
Subscribe to:
Post Comments (Atom)



No comments:
Post a Comment