ကျောမခိုင်းခင် ခဏလောက်နောက်ပြန်လည့် ပေးပါလား
မင်းမျက်နှာကို ကြည့်လို့ မဝနိုင်သေးလို့ ပါ..
မင်းတစ်ကယ်ခွဲသွားတော့မယ်ဆိုရင်
မသွားခင်လေး ခဏလောက်နေပါဦး
မင်းအတွက် ကိုယ်အသဲ လက်ဆောင်ပေးသွားပါစေ...
မင်းရင်ငွေ့ တွေကို မင်းပြန်ယူသွားခဲ့ပြီဘဲ
မင်းပတ်သက်ခဲ့သမျှ ကဗည်းထိုးထားတဲ့
ကိုယ်ရင်ခွင်တစ်ခုလုံးကိုတော့
ပကတိအတိုင်းဘဲထားပေးခဲ့ပါကွာ...
လုံးဝမသက်ဆိုင်တော့ဘူးလို့  မင်းရင်တစ်ခုထဲက သက်မှတ်သွားတာ
ကိုယ်ရင်ထဲမှာတော့ မင်းကစွဲစွဲမြဲမြဲ ကျန်ရှိနေတုန်းပါကွာ...
မင်းခွဲသွားပေမဲ့ မင်းပါးပြင်ထက်က
ကိုယ်ပေးခဲ့ဖူးတဲ့အနမ်းတွေကို ကိုယ်သတိရနေဆဲပါကွာ...
မင်းနဲ့ ကိုယ် နှစ်ကိုယ်တူလျှောက်လည်ခဲ့တဲ့နေရာတွေကို
ကိုယ်ရောက်ခဲ့တိုင်းလည်း မင်းကိုလွမ်းနေဆဲ သတိရနေဆဲပါကွာ...။
သူရ
Thursday, November 27, 2008
ခွင်ပြုပါ
ကမ္ဘာပေါ်ကလူသားတိုင်း ပြောဖူးတဲ့စကားလေးတစ်ခွန်းကို
မင်းကိုလည်းကိုယ်ပြောပြစေ ရိုးရိုးရှင်ူရှင်ူလေးသာ ကိုယ်ပြောမယ်
မင်းကို ကိုယ်ချစ်တယ်...
ဘာကြောင့် ချစ်လည်းမေးရင် ကိုယ်စာဖွဲ့ ပြီး ပြောမတတ်ပါဘူး
မင်းရဲ့  သွားလာလှုပ်ရှားဟန် မင်းရဲ့ ပြောဟန်ဆိုစကား
မင်းရဲ့  ရိုးဆင်းတဲ့ ပင်ကိုယ်ရုပ်လွှာကို မြင်မြင်ချင်း ကိုယ်ရင်ထဲက
အလိုလိုဘဝလက်တွဲဖော်ဖြစ်ချင်ခဲ့တာ
မင်းကို ကိုယ်ချစ်မိနေတာဘဲလို့ ဖြေပါစေ...
ဘယ်လောက်ကြီးချစ်လည်းလို့ မေးရင်
မိုးလောက်ကြီးချစ်တယ်လို့  ကိုယ်ပြောမှာမဟုတ်ပါဘူး
ကိုယ်တိုင်းပြလို့ မတတ်ပေမဲ့ ကိုယ်ရင်ထဲရှိတဲ့
" ၁၅၀၀ "မေတ္တာ ရွေးစလေးပင် မလျော့ပါဘူးလို့ 
ကိုယ်ဖြေပါစေ...
ဘယ်လောက်ထိချစ်သွားမှာလဲ ဒီမေးခွန်းလေးမေးရင်တော့
တိကျတဲ့အဖြေ ကိုယ်ပေးနိုင်ပါလိမ့်မယ်
ကိုယ်ဘဝရဲ့ နောက်ဆုံးအကြိမ် အသက်ရူခွင့်ရသည်အထိ ကိုယ်ကတိပြုပြီးဖြေပါစေ...

Monday, November 24, 2008
Subscribe to:
Comments (Atom)